ミャンマー大地震 続報

この記事は約 14 分で読めます

様々な情報が流れておりますが、MyanmarBizでは在日ミャンマー大使館の発信する情報のみ共有をさせていただきます。

2025年4月6日 在日ミャンマー大使館発表

地震ニュース(シリーズ-9)

震度7。 2025年3月28日(金曜日)にサガイン付近を中心とした。 4月5日現在、7 Richterskayaを襲った強力な地震は、3,455人が亡くなり、4,840人が負傷し、214人が行方不明になったと報告されています。 捜索救助活動は継続中。 まだ詳細は不明ですが、これまでに5223棟、学校1824棟、修道院と修道院4817棟、病院診療所167棟損傷、道路、鉄道、駅損傷、橋169棟、ダム198棟、高速道路沿い184区間まで。 ダメージと損失が加わった。

地震の被災地には、シンガポール、タイ、マレーシア、インドネシア、ベトナム、ラオス、フィリピンなどASEAN各国、中国、インド、ロシア、バングラデシュ、トルコなど友好国が到着しました。 地震の被災地における緊急捜索・救助活動、保健所サービスが加速しています。

日本政府は、地震被災者に600万ドルの支援を提供すると発表したことに感謝しています。 日本から32人の医師と看護師と救助機器を含む医療チームがすでにミャンマーのマンダレーにいます。 負傷者の医療処置プロセスは、マンダレー市自治体委員会オフィスで行われています(2025年4月4日)

在日日本財団会長の佐々川洋平氏も、日本財団から寄付された300万ドル相当の救援物資を個人的にミャンマーに行き、地震の被害に遭われた人々に寄付したことに感謝の意を表します。

地震で被害を受けたマンダレー国際空港とNaypyitaw国際空港への国内線は正常に運行しています。

強力な地震による人命と被害に同情とご理解を申し上げますとともに、全国レベルの記念日は31-3-2025年6-4-7日(7)日間で制定されました。

地震により、在日ミャンマー国民、日本人の友人、団体の皆様に、暴力の被害に遭われた方々に食料や薬を寄付するためにできる限りの貢献をお願いいたします。

これまで地震被害に遭われた団体・個人の皆様に感謝の意を申し上げます。 さらに、東京に拠点を置く各大使館からミャンマーへお悔やみの手紙を送ったことに感謝申し上げます。

地震のために貢献したい人は、大使館のEmperor Daw Su Thit Htoo (ホットライン電話番号 – 07044137383)までご連絡ください。 寄付者の口座番号 MUFJ 現在の口座番号 1647286 支店番号 041 名前とミャンマー地震寄付を書いていただいても寄付できますことをお知らせします。 ミャンマーの地震の被災者に寄付金が送られると記載されています。

ミャンマー大使館、東京都。

2025年4月6日


ငလျင်သတင်း (နောက်ဆက်တွဲ-၉)

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဧပြီလ ၅ ရက်နေ့အထိ စာရင်းများအရ အသက်ဆုံးရှုံးခဲ့ရသူ ၃,၄၅၅ ဦး၊ ဒဏ်ရာရရှိသူ ၄,၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦးရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ အသေးစိတ်စာရင်း မသိရှိ ရသေးသော်လည်း လက်ရှိအချိန်အထိအဆောက်အဦပေါင်း ၅၂၂၃ လုံး၊ စာသင် ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း စေတီပေါင်း ၄၈၁၇ ခု၊ ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခြင်း၊ ကားလမ်း ရထားလမ်း၊ ဘူတာများပျက်စီးခြင်း၊ တံတား ၁၆၉ စင်း၊ ဆည်မြောင်းတမံ ၁၉၈ ခု ထိခိုက်ပျက်စီးခြင်း၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခုထိခိုက်ပျက်စီးမှု များဖြစ်ပေါ်ခြင်းစသည့် ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပါသည်။

ငလျင်ဒဏ်ခံစားရသည့်ဒေသများတွင် အစိုးရတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းများနှင့်အတူ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်နှင့် အခြားသော အာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တူကီယဲနိုင်ငံနှင့် အခြားသောမိတ်ဆွေနိုင်ငံစသည့် နိုင်ငံ ပေါင်း (၂၆) နိုင်ငံမှ လေကြောင်းမှ ကူညီထောက်ပံ့မှုများ၊ ကယ်ဆယ်ရေးဝန်ထမ်း များရောက်ရှိပြီး အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငလျင်ဒဏ်သင့် ဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဂျပန်အစိုးရအနေဖြင့် မြေငလျင်ဒဏ် ခံစားခဲ့ရသူများအတွက် အရေးပေါ်အကူအညီ အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၆ သန်း ပမာဏရှိ အကူအညီများ ပေးအပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိပါသည်။ ဂျပန် နိုင်ငံမှ ဆရာဝန်နှင့် သူနာပြု (၃၂) ဦး ပါဝင်သည့် ဆေးကုသရေးအဖွဲ့တစ်ဖွဲ့နှင့် ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများသည် မြန်မာနိုင်ငံ၊ မန္တလေးမြို့တွင် ရောက်ရှိနေပြီဖြစ်ပြီး ဒဏ်ရာရရှိသူများအား ဆေးဝါးကုသရေးလုပ်ငန်းစဉ်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၌ စခန်းဖွင့်လှစ်ကာ (၄-၄-၂၀၂၅) ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဂျပန်နိုင်ငံ Nippon Foundation ဥက္ကဌ Mr. Yohei Sasakawa မှလည်း မြေငလျင် ဒဏ် ခံစားခဲ့ရသည့်ပြည်သူများအတွက် Nippon Foundation မှ လှူဒါန်းသည့် ဒေါ်လာ ၃ သန်း ပမာဏရှိသည့် ကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ ပေးအပ်လှူဒါန်းခဲ့သည့်အတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးချို့ယွင်းခဲ့သည့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို နှင့်နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ပြည်တွင်းလေကြောင်းခရီးစဉ် များ ပုံမှန်ပြန်လည်ပျံသန်းပြေးဆွဲလျက်ရှိပြီ ဖြစ်ပါသည်။

ပြင်းအားမြင့်ငလျင်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁-၃-၂၀၂၅ ရက်မှ ၆-၄-၂၀၂၅ ရက်အထိ (၇) ရက်အား သတ်မှတ်ကြေညာထားပါသည်။

ငလျင်၏အင်အားပြင်းထန်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရသူများနှင့် ပြည်သူများ အတွက် အစားအသောက်နှင့်ဆေးဝါးများ ပေးပို့လှူဒါန်းနိုင်ရန် ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံသားမိတ်ဆွေများ၊ အဖွဲ့အစည်း များအနေဖြင့် တတ်စွမ်းသမျှ ပါဝင်ကူညီကြရန် မေတ္တာရပ်ခံနှိုးဆော်အပ်ပါသည်။

ယနေ့အချိန်အထိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပါဝင်ထည့်ဝင်လှူဒါန်းပေးကြ သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား ကျေးဇူးတင် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ထို့ပြင် တိုကျိုမြို့အခြေစိုက် သံရုံးအသီးသီးမှ မြန်မာ နိုင်ငံအပေါ် ဝမ်းနည်းစာနာကြောင်း သဝဏ်လွှာများအား မြန်မာသံရုံးသို့ ပေးပို့ခဲ့ကြ သည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

မြေငလျင်အတွက် ပါဝင်ကူညီလှူဒါန်းလိုသူများအနေဖြင့် သံမှူး ဒေါ်ဆုသစ်ထူး (Hotline Phone number – 07044137383) သို့ဆက်သွယ်၍ လည်းကောင်း၊ သံရုံး၏ ငွေစာရင်းအမှတ်၊ MUFJ Current Account Number – 1647286 ၊ Branch number 041 သို့ အလှူရှင်၏ အမည်နှင့် မြန်မာမြေငလျင်အလှူဟု ရေးသားဖော်ပြ၍ လည်း ကောင်း၊ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းငွေများအား မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံစားရသူများထံသို့ ဆောလျင်စွာ ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်းကို ဖော်ပြအပ်ပါသည်။

မြန်မာသံရုံး၊ တိုကျိုမြို့

၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်