ミャンマー大地震 続報

この記事は約 13 分で読めます

様々な情報が流れておりますが、MyanmarBizでは在日ミャンマー大使館の発信する情報のみ共有をさせていただきます。

地震ニュース(シリーズ-14)

震度7。 2025年3月28日(金曜日)にサガイン付近を中心とした。 4月10日によると、7リヒタースケイの強力な地震により、3,649人の命、負傷者5018人、145人が行方不明になった。 救助活動は継続しており、国際的な支援により22カ国で救助活動が行われています。

この地震は、全国6万軒以上の住宅、3,514軒の修道院、修道女、2,366軒の学校、学部事務所、3,678軒、155軒の橋、全国5,620軒の修道堂に被害をもたらした。 地震で被害を受けたインフラはできるだけ早く修復され、客列車とローカル便は、ヤンゴン-ナイピタウ-マンダレー航路のマンダレー国際空港とナイピター国際空港に戻ります。

日本政府は地震被害者への緊急救助に600万米ドルを提供すると発表し、日本政府はマンダレー市の修道院学校の生徒に給水タンクや緊急救助セイルテントを含む物資を提供する計画を発表 一時的な難民キャンプ。 発表ありがとうございます。

日本から救助援助を送った医師と看護師32名で構成される医療チームは、ミャンマーのマンダレーで負傷者への医療を行うため、マンダレー市自治体委員会事務所でキャンプを開きました。 さらに、C-130型日本の自衛隊機がミャンマーに到着し、4月9日、日本の医療チームが求める医薬品や医療機器をマンダレー国際空港に輸送しました。

在日日本財団会長の佐々川洋平氏も、日本財団から寄付された300万ドル相当の救援物資をミャンマーに個人的に寄付していただき感謝の意を表します。

地震により、在日ミャンマー国民、日本人の友人、団体の皆様に、暴力の被害に遭われた方々に食料や薬を届けるために、できる限りの貢献をお願いします。

地震の被災地にご協力頂いた一人一人に感謝の気持ちを申し上げます。 さらに、東京を拠点とする各大使館からミャンマーへお悔やみ状を送っていただいたミャンマー大使館に感謝の意を表します。

地震のために貢献したい人は、大使館のEmperor Daw Su Thit Htoo (ホットライン電話番号 – 07044137383)までご連絡ください。 寄付者の口座番号 MUFJ 現在の口座番号 1647286 支店番号 041 名前とミャンマー地震寄付を書いていただいても寄付できますことをお知らせします。 ミャンマーの地震の被災者に寄付金が送られると記載されています。

ミャンマー大使館、東京都。

2025年4月10日


ငလျင်သတင်း (နောက်ဆက်တွဲ-၁၄)

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဧပြီလ ၁၀ ရက်နေ့အထိ စာရင်းများအရ အသက်ဆုံးရှုံးခဲ့ရသူ ၃,၆၄၉ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၈ ဦး၊ ပျောက်ဆုံးနေသူ ၁၄၅ဦးရှိကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အကူ အညီအနေဖြင့် နိုင်ငံပေါင်း (၂၂) နိုင်ငံမှ ကူညီကယ်ဆယ်ထောက်ပံ့ရေးများ၊ ဆေးကုသရေး လုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိပါသည်။

ငလျင်ကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူနေအိမ်စုစုပေါင်း ၆ သောင်းကျော်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃,၅၁၄၊ စာသင်ကျောင်း ၂,၃၆၆ ၊ ဌာနဆိုင်ရာ ရုံး၊ အဆောက်အဦ ၃,၆၇၈ကျော်၊ တံတား ၁၅၅ စင်းနှင့် ဘုရားစေတီ ၅,၆၂၀ ဆူတို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပါသည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံအဆောက်အဦများအား အမြန်ဆုံးပြုပြင် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်-နေပြည်တော်- မန္တလေးလမ်းပိုင်းအတွင်း လူစီးရထားများနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များ ပုံမှန်ပြန်လည်ပျံသန်းပြေးဆွဲလျက်ရှိပြီ ဖြစ်ပါသည်။

ဂျပန်အစိုးရအနေဖြင့် မြေငလျင်ဒဏ် ခံစားခဲ့ရသူများအတွက် အရေးပေါ်အကူအညီ အထောက်အပံ့ အဖြစ် အမေရိကန်ဒေါ်လာ ၆ သန်း ပမာဏရှိ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေကြရသည့် မန္တလေးမြို့ရှိ ဘုန်းတော်ကြီးသင်စာသင် ကျောင်းများမှ ကျောင်းသားများအတွက် ဂျပန်အစိုးရမှ ရေတိုင်ကီများ၊ အရေးပေါ်ကယ်ဆယ်ရေး ရွက်ဖျင်တဲများအပါအဝင် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်သွားမည့်အစီအစဉ်အား ထုတ်ပြန် ကြေညာခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိပါသည်။

ဂျပန်နိုင်ငံမှ ကယ်ဆယ်ရေးအထောက် အကူပြုပစ္စည်းများပေးပို့ခဲ့ပြီး ဆရာဝန်နှင့် သူနာပြု (၃၂) ဦး ပါဝင်သည့် ဆေးကုသရေးအဖွဲ့ တစ်ဖွဲ့ သည် မြန်မာနိုင်ငံ၊ မန္တလေးမြို့တွင် ဒဏ်ရာရရှိသူများအား ဆေးဝါးကုသရေးလုပ်ငန်းစဉ်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၌ စခန်းဖွင့်လှစ်ကာ (၄-၄-၂၀၂၅) ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် C-130 အမျိုးအစား ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့လေယာဉ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်ဆေးကုသရေးအဖွဲ့မှ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းကိရိယာများအား ဧပြီလ (၉) ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ပို့ဆောင်ပေးခဲ့ပါသည်။

ဂျပန်နိုင်ငံ Nippon Foundation ဥက္ကဌ Mr. Yohei Sasakawa မှလည်း မြေငလျင်ဒဏ် ခံစားခဲ့ ရသည့်ပြည်သူများအတွက် Nippon Foundation မှ လှူဒါန်းသည့် ဒေါ်လာ ၃ သန်း ပမာဏရှိသည့် ကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံသို့ ကိုယ်တိုင် ကိုယ်ကျသွားရောက် ကာ ပေးအပ်လှူဒါန်းခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ငလျင်၏အင်အားပြင်းထန်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရသူများနှင့် ပြည်သူများအတွက် အစား အသောက်နှင့်ဆေးဝါးများ ပေးပို့လှူဒါန်းနိုင်ရန် ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံ သားများ၊ ဂျပန်နိုင်ငံသားမိတ်ဆွေများ၊ အဖွဲ့အစည်းများအနေဖြင့် တတ်စွမ်းသမျှ ပါဝင်ကူညီကြရန် မေတ္တာရပ်ခံနှိုးဆော်အပ်ပါသည်။

ယနေ့အချိန်အထိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပါဝင်ထည့်ဝင်လှူဒါန်းပေးကြသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါ သည်။ ထို့ပြင် တိုကျိုမြို့အခြေစိုက် သံရုံးအသီးသီးမှ မြန်မာနိုင်ငံအပေါ် ဝမ်းနည်းစာနာကြောင်း သဝဏ်လွှာများအား မြန်မာသံရုံးသို့ ပေးပို့ခဲ့ကြသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ် ပါသည်။

မြေငလျင်အတွက် ပါဝင်ကူညီလှူဒါန်းလိုသူများအနေဖြင့် သံမှူး ဒေါ်ဆုသစ်ထူး (Hotline Phone number – 07044137383) သို့ဆက်သွယ်၍ လည်းကောင်း၊ သံရုံး၏ ငွေစာရင်းအမှတ်၊ MUFJ Current Account Number – 1647286 ၊ Branch number 041 သို့ အလှူရှင်၏ အမည်နှင့် မြန်မာမြေငလျင်အလှူဟု ရေးသားဖော်ပြ၍ လည်းကောင်း၊ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အသိ ပေးအပ်ပါသည်။ လှူဒါန်းငွေများအား မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံစားရသူများထံသို့ ဆောလျင်စွာ ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်းကို ဖော်ပြအပ်ပါသည်။

မြန်မာသံရုံး၊ တိုကျိုမြို့

၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်